If you've been affected by recent flooding and need legal help, call the Disaster Response Legal Service NSW on 1800 801 529 between 9am and 5pm Monday to Friday or visit the DRLS website for more information.
Legal Advice -Burmese (မြန်မာစာ)
သင်၏ သက်ဆိုင်ရာ ဥပဒေရေးရာ ပြဿနာများနှင့်ပတ်သက်၍ ရှေ့နေတစ်ဦးမှ သင့်အား အကူအညီပေးသည့်အခါတွင် ကျွန်ုပ်တို့အနေနှင့် ဤသည်အား ဥပဒေရေးရာ အကြံပေးခြင်းဟု ခေါ်ဆိုပါသည်။ ဥပဒေရေးရာ အကြံပေးခြင်းသည် ဥပဒေဆိုင်ရာ အချက်အလက်များနှင့် ကွဲပြားခြားနားပါသည်၊ ဥပဒေဆိုင်ရာ အချက်အလက်များမှာမူ ပိုမို ယေဘုယျ ကျပြီး၊ ပုံမှန်အားဖြင့် ဥပဒေအကြောင်း တတ်သိနားလည်သော်လည်း ရှေ့နေတစ်ဦးမဟုတ်သည့် ပုဂ္ဂိုလ်တစ်ဦးမှ ထောက်ပံ့ပေးသော အချက်အလက်များ ဖြစ်သည်။
Legal Aid NSW သည် NSW ရှိ ဥပဒေရေးရာ ပြဿနာများဖြင့် ရင်ဆိုင်နေရသော မည်သူမဆိုအတွက် ကျွန်ုပ်တို့၏ ဥပဒေဆိုင်ရာ အချက်အလက်များနှင့် ညွှန်းဆိုလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သော LawAccess NSW မှတစ်ဆင့် ဥပဒေဆိုင်ရာ အချက်အလက်များအား ထောက်ပံ့ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့သည် ဝန်ဆောင်မှုရယူရန် အရည်အချင်းပြည့်မီသော ပုဂ္ဂိုလ်များအတွက် ဖုန်းမှတစ်ဆင့်လည်းကောင်းနှင့် NSW တစ်ဝှမ်းရှိ တည်နေရာအများအပြား၌လည်းကောင်း အခမဲ့ ဥပဒေရေးရာ အကြံဉာဏ် ပေးပါသည်။
ကျွန်ုပ်တို့၏ ဥပဒေရေးရာ အကြံပေးစက်ရှင်များသည် အခမဲ့ဖြစ်ပြီး၊ ယေဘုယျအားဖြင့် မိနစ် 20 ခန့် ကြာမြင့်ပါသည်။ ရှေ့နေတစ်ဦးသည် သင့် ပြဿနာနှင့်ပတ်သက်၍ သင် ပြောဆိုသည်များကို နားထောင်ပေးမည် ဖြစ်ပြီး၊ နောက်ဆက်တွဲ မေးခွန်းအချို့ မေးမြန်းမည်ဖြစ်ကာ ၎င်းနောက် ဆောင်ရွက်ရမည့်အရာအား သင် ဆုံးဖြတ်နိုင်စေဖို့ အကူအညီပေးမည် ဖြစ်သည်။
အကယ်၍ သင့်တွင် ရှေ့နေ မရှိလျှင် ၎င်းတို့သည် စာရွက်စာတမ်းအတိုများနှင့်ပတ်သက်၍လည်း အကူအညီများ ထောက်ပံ့ပေးကောင်း ထောက်ပံ့ပေးနိုင်ပါသည်။ ရှည်လျားရှုပ်ထွေးသော ဥပဒေ စာရွက်စာတမ်းများနှင့်ပတ်သက်၍မူ ၎င်းတို့ အကူအညီပေးနိုင်မည် မဟုတ်ပေ။
သင်၏ရှေ့နေသည် သင့်အမှု၌ သင့်အား ၎င်းတို့ ဆက်လက် အကူအညီပေးနိုင်ခြင်းရှိ၊မရှိကိုလည်း ပြောပြသွားမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့ ကူညီမည်ဆိုလျှင် ဥပဒေရေးရာ ပံ့ပိုးကူညီမှုအတွက် လျှောက်လွှာတစ်စောင်အား ဝန်ထမ်းများမှ ကူညီဖြည့်စွက်ပေးမည် ဖြစ်သည်။
အကယ်၍ သင့် အကြံပေးစက်ရှင်ပြီးနောက် ဆက်လက်၍ သင့်အား အကူအညီပေးနိုင်ခြင်းမရှိလျှင် နောက်ထပ် အကူအညီရယူရန်အတွက် သင် သွားရောက်နိုင်မည့် နေရာများအကြောင်း အချက်အလက်များအား သင့်ကို ကျွန်ုပ်တို့ ထောက်ပံ့ပေးကောင်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ကျွန်ုပ်တို့ ရှေ့နေများသည် ရဲများ ပါဝင်ပတ်သက်နေသည့် ရာဇဝတ်မှုများ၊ ကလေးများ သို့မဟုတ် ဆက်ဆံရေး ပြိုကွဲသည့် ပြဿနာများ ပါဝင်နေသည့် မိသားစုအမှုကိစ္စများ၊ သို့မဟုတ် အိမ်ရာ၊ ဝင်ငွေထောက်ပံ့မှု သို့မဟုတ် ကျန်းမာရေးနှင့် မသန်စွမ်း ထောက်ပံ့မှုများ ရယူနိုင်မှု အစရှိသည်တို့ကဲ့သော အခြေခံလိုအပ်ချက် ပြဿနာများနှင့်ပတ်သက်သည့် တရားမမှုများအတွက် သင့်အား အကူအညီပေးနိုင်ပါသည်။
ကျွန်ုပ်တို့သည် မည်သူမဆိုအတွက် ဥပဒေရေးရာ အကြံဉာဏ်များ ပေးခြင်းမပြုပေ။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ နစ်နာမှု ရင်ဆိုင်နေရသည့် NSW ရှိ ပုဂ္ဂိုလ်များအတွက် ဥပဒေရေးရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ဖြစ်ပြီး၊ ဤသည်အား အောင်မြင်ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့ထံ၌ အရင်းအမြစ် အကန့်အသတ်များ ရှိပါသည်။
သင့်အတွက် အခမဲ့ ဥပဒေရေးရာအကြံပေးမှုများ ကျွန်ုပ်တို့ ထောက်ပံ့ပေးနိုင်ခြင်း ရှိ၊မရှိ သို့မဟုတ် ချိန်းဆိုမှုတစ်ခု စီစဉ်နိုင်ခြင်း ရှိ၊မရှိ သိရှိရန် အကောင်းဆုံးနည်းလမ်းမှာ LawAccess NSW ရှိ ကျွန်ုပ်တို့၏ အဖွဲ့ဖြင့် စကားပြောကြည့်ရန် ဖြစ်သည်။
1300 888 529 သို့ ခေါ်ဆိုခြင်းဖြင့် သို့မဟုတ် ၎င်းတို့၏ အွန်လိုင်း ဝက်ဘ်ချက်တ် ဝန်ဆောင်မှုအား အသုံးပြုခြင်းအားဖြင့် ၎င်းတို့ထံသို့ သင် ဆက်သွယ်နိုင်ပါသည်။ ၎င်းတို့သည် တနင်္လာနေ့မှ သောကြာနေ့အထိ မနက် 9 နာရီမှ ညနေ 5 နာရီအတွင်း ဖွင့်လှစ်ထားပါသည် (အများပြည်သူအားလပ်ရက်များ မပါဝင်ပေ)။
We use cookies to give you the best possible experience on our website. By selecting 'Accept cookies', you agree to our cookie policy.
Share with
Facebook
Twitter
LinkedIn